သင့်အကြောင်းပြောပါ
ယခင်ကထောင်ကျဖူးပြီး ယခုတွင် ယုံကြည်သူအသစ်တစ်ဦးလည်းဖြစ်သူ မိုက်ကယ်
ဒင်စ်မို အား အကျဉ်းထောင်တစ်ခုတွင် သက်သေခံရန် ဖိတ်ခေါ်ခဲ့သည်။ သူသက်သေခံ
ပြီးနောက်တွင် အကျဉ်းသားအချို့က သူ့ထံလာ၍ ‘‘ကျုပ်တို့ ကြုံဖူးသမျှ ၀တ်ပြုစည်းဝေး
ထဲမှာ ဒီတစ်ခါ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ’’ ဟုပြောကြ
သည်။ ရိုးစင်းသော သူ့ဘ၀အကြောင်း အဖြစ်အပျက်ကို
ဘုရားသခင် အသုံးပြုခဲ့သဖြင့် မိုက်ကယ် အံ့ဩမိသည်။
တိမောသေဩ၀ါဒစာ ပထမစောင်တွင် တိမောသေ
အား ဧ၀ံဂေလိ သတင်းကောင်းဟောကြားခြင်း အမှုတော်ကို
ဆောင်ရွက်ရန် ရှင်ပေါလုက တာဝန်ပေးပြီးနောက်တွင်
(၁း၁-၁၁) နုပျိုသောလူငယ်လေးကို အားပေးရန် သူ၏
ကိုယ်တွေ့သက်သေခံချက်ကို ဝေငှခဲ့သည်။ သူ့အသက်တာ၌
ခံစားရသည့် ဘုရားသခင်၏ကရုဏာတော်အကြောင်းကို
ရှင်ပေါလု ပြောပြသည်။ ဘုရားသခင်သည် ကရုဏာတော်
အားဖြင့် သူ့ကိုသစ္စာရှိသူအဖြစ် သတ်မှတ်ရုံသာမက
ဆောင်ရွက်စရာအမှုကိုပေးအပ်လျက် ထိုအမှုကို ဆောင်ရွက်
ရန် ခွန်အားပေးခဲ့သည်…
အရေးမပါသော လိုအပ်မှုမဟုတ်
ကလေးငယ်ရှိသည့် မိခင်များစွာတို့က ဆုတောင်းချက်အဖြေရရှိပုံများကို ကျေနပ်
အားရဖွယ် ဝေငှကြသည်။ သို့တိုင် အမျိုးသမီးတစ်ဦးက သူသည် သူ၏ ပုဂ္ဂိုလ်ရေး
လိုအပ်ချက်များကို ဘုရားသခင်အား ပြောရခြင်းသည် အတ္တဆန်ပြီး ဘုရားသခင်ကို
အနှောင့်အယှက်ပေးသကဲ့သို့ ခံစားရကြောင်း၊ ‘‘ကြီးမားသော
ကမ္ဘာ့ပြဿနာ လိုအပ်မှုများကို ကိုယ်တော် ရင်ဆိုင်ဖြေရှင်း
ပေးပြီး၊ ထိုအရာများနှင့်ယှဉ်လျှင် ကျွန်မ၏အခြေအနေမှာ
ကိုယ်တော့်အတွက် အသေးအဖွဲသာဖြစ်သည်’’ ဟုဆိုသည်။
ခဏအကြာတွင် သူ့သားလေးမှာ လက်ကို တံခါးညှပ်
သဖြင့် အော်ပြီး မိခင်ထံပြေးလာသည်။ ‘‘အမေ အလုပ်များ
နေတယ်လေ၊ မင်းလက်ညှပ်သွားလို့ အမေ့ကို လာပြောတာ
မင်းအတ္တဆန်လွန်းတယ်’’ ဟုသူမပြောပါ။ သနား ကရုဏာနှင့်
ကြင်နာမှုကို ပြပါသည်။ ၎င်းသည် လူသားနှင့်ဘုရား
နှစ်ဦးစလုံးတို့၏ မေတ္တာတုံ့ပြန်ပုံပင် ဖြစ်ကြောင်း (ဆာ၁၀၃
း၁၃)တွင် သတိပေးဖော်ပြသည်။ ဟေရှာ ၄၅…
လူများကို သတိပေးပါ
ချိန်းဆိုထားသည့် ကိစ္စများအတွက် သတိပေးသည့်စာ၊ မကြာမီကျင်းပမည့်ပွဲရှိကြောင်း
သတိပေးစာ၊ တစ်စုံတစ်ဦးအတွက် ဆုတောင်းပေးရန် ပန်ကြားသည့်စာ စသည်ဖြင့်
အီးမေးလ် စာပေါင်းများစွာကို ပုံမှန် ရက်သတ္တပတ်အတွင်း ကျွန်တော်တို့ လက်ခံရရှိသည်။
၎င်းတို့အားလုံးသည် သတိပေးရန် လိုအပ်သောကိစ္စများဖြစ်သည်။
ရှင်ပေါလုက တိတုထံသို့ စာရေးပေးပို့ရာတွင်
ယုံကြည်သူများကို ‘‘သတိပေးလော့’’ (၃း၂) ဟု သူ့စာကို
အဆုံးသတ်ထားသည်။ ရှင်ပေါလု၏စကားအရ သူသည်
အထက်က ပြောစရာရှိသည်များကို ရှေ့တွင် ရေးသား ပြောခဲ့ပြီး
ဖြစ်သော်လည်း ၎င်းသည် အသင်းတော်မှ လူများအတွက်
အရေးပါခြင်းကြောင့် သူတို့မမေ့အောင် သူထပ်ပြောရခြင်း
ဖြစ်သည်။
သူတို့ကို သိစေလိုသောအကြောင်းအရာများကို သူတို့မသိဘဲ လွတ်သွားမှာကို
ရှင်ပေါလု မလိုလားပါ။ သူတို့ကို ရှင်ပေါလု သတိပေးသောအချက်များကို သတိပြုမှတ်သား
ပါ။ ဖိနှိပ်သော ရောမအုပ်ချုပ်မှုအောက်တွင် အသက်ရှင်နေသူများအနေဖြင့် အထွတ်
အမြတ် အာဏာစက်၏ အုပ်စိုးခြင်းကို…
အားလုံး ရထားပေါ်ရောက်ပြီ
တစ်ေ်န့တွင် ကျွန်မ ခင်ပွန်းကို မီးရထားဘူတာရုံလိုက်ပို့ပြီးနောက် လက်မှတ်ရောင်းက
ထိုနေရာတစ်ဝိုက်တွင် နောက်ကျကျန်မည့်သူရှိမရှိ လိုက်ရှာနေသည်ကို တွေ့ရသည်။
ဆံပင်စိုနေသော အမျိုးသမီးတစ်ဦးက ကားရပ်နားနေရာမှ ထွက်လာကာ ရထားပေါ်
ပြေးတက်သည်။ ၀တ်စုံအနက်နှင့် အမျိုးသားတစ်ဦးကလည်း
ပလက်ဖောင်းပေါ်သို့ လွှားခနဲရောက်လာပြီး ရထားပေါ်
တက်လိုက်သည်။ နောက်ကျရောက်လာသူများ ရထားပေါ်
ရောက်သည်အထိ သူက စိတ်ရှည်စွာ စောင့်ဆိုင်း ပေးသည်။
လက်မှတ်ရောင်းက ရထားစီး ခရီးသည်များကို
သည်းခံစောင့်ရသကဲ့သို့ ဘုရားသခင်ကလည်း သူ့ကို သိရှိ
လာမည့်သူများအား စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
တစ်နေ့သောအခါ ယေရှုပြန်လာ၍ ‘‘လောကဓာတ်တို့သည်
ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီး
ပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြ
လိမ့်မည်’’ (၂ ပေ ၃း၁၀)။ ထိုသို့ ဖြစ်သောအခါတွင် (သို့) ကျွန်ုပ်တို့၏ရုပ်ခန္ဓာများ
သေဆုံးသွားသောအခါတွင် ဘုရားနှင့် ပတ်သက်ဆက်ဆံမှုကို ပြန်လည်စတင်ရန်…
အသံမြည်သော ဘီး
‘‘အသံမြည်သော ဘီးကို ဆီထိုးပေးသည်’’ ဟူသည့် စကားပုံးက ရေပန်းစားသည်။
ကျွန်တော်ငယ်စဉ်က အိမ်မှ ကျောင်းသို့ အတော်ဝေးဝေး စက်ဘီးဖြင့် သွားရသည်။
ဘီးသံ တကျွီကျွီမြည်ပြီဆိုလျှင် ဆီထိုးရန် လိုပြီဟု ကျွန်တော်သတိပြုမိသည်။
လုကာ ၁၈ တွင် မုဆိုးမသည် တရားသူကြီးထံ
ထပ်ခါထပ်ခါ တောင်းခံမှုကြောင့် သူမ၏တောင်းဆိုမှုက
‘‘မြည်နေသောဘီး’’ ကဲ့သို့ နားမခံသာ။ မရမချင်း သူတောင်း
သည်။ ဤဥပမာကို သခင်ယေရှု မိန့်ကြားရခြင်းမှာ ဆုတောင်း
ခြင်း အဖြေနှောင့်နှေးနေသည့်တိုင် စိတ်မပျက် အားမလျော့ဘဲ
အဆက်မပြတ် ဆုတောင်းရန် လိုအပ်ကြောင်း သွန်သင်ပေး
ခြင်းဖြစ်သည်ဟု ရှင်လုကာက ဆိုပါသည် (း၁-၅)။
စင်စစ် ဘုရားသခင်သည် အဖြေမပေးမီ ထပ်ခါထပ်ခါ
ပြောပေးရသည့် မတရားသော တရားသူကြီးကဲ့သို့
မဟုတ်ပါ။ ကိုယ်တော်သည် မေတ္တာရှင်အဘဖြစ်၍ ကျွန်ုပ်
တို့ကို ဂရုစိုက်သည်။ သူ့ထံအော်ဟစ်သောအခါ သူကြားတော်မူသည်။ ပုံမှန်ဇွဲရှိရှိ
ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့ကို အထံတော်သို့ ပို၍နီးကပ်စေသည်။ အသံမြည်သော
ဘီးပမာ ဂျီကျနေသည့်ပုံပေါ်နေလည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏ဆုတောင်းသံကို
ကြိုဆိုလျက် သူ့ထံသို့ အော်ဟစ်ပြီး ချဉ်းကပ်တိုးဝင်လာမှုကို…
နာကျင်မှု သင်တန်းကျောင်း
ဆရာကြီး စီ အက်စ် လူးဝစ်ရေးသားသော ‘‘The Problem of Pain’’ စာအုပ်တွင်
‘‘သာယာမှုများကြား ဘုရားသခင်သည် ကျွန်ုပ်တို့ကို တီးတိုးစကားပြောသည်။ဩတပ္ပ
လိပ်ပြာစိတ်ဖြင့် စကားပြောသည်။ သို့သော် နာကျင်မှုများ ထဲတွင် အော်ဟစ်ပြောသည်။
ဆင်းရဲခြင်း ဝေဒနာသည် နားမကြားသော ကမ္ဘာကြီးကို
နိုးပေးလိုက်သော ကိုယ်တော်၏အော်လံပင်ဖြစ်သည်’’ ဟု
လေ့လာတင်ပြထားသည်။ ဒုက္ခဆင်းရဲခံရခြင်းအားဖြင့်
ကျွန်ုပ်တို့၏ ဦးတည်ချက်ကို ပြန်လည်၍ တည့်မတ်ပေးပါ
သည်။ လက်ရှိ အခြေအနေပေါ် အတွေးများ၊ အာရုံရောက်
နေခြင်းကို ပြောင်းပေးလိုက်ပြီး အသက်တာများထဲတွင်
ဘုရားရှင်၏ လုပ်ဆောင်နေမှုများသို့ အာရုံပြောင်း နာခံရန်
ဖြစ်သည်။ ဆင်းရဲဒုက္ခက အသက်တာကို ၀ိညာဉ်ရေးရာ
ကျောင်းခန်း အဖြစ် အစားထိုး ပြောင်းလဲလိုက်သည်။
ဆာလံဆရာသည် နာကျင်ခံစားရချိန်တွင်ပင်
သွန်သင်မှုကို နှလုံးသား၌ ဆက်လက်ခံယူကြောင်း
ဓမ္မဟောင်းကျမ်းတွင် တွေ့ရသည်။ ဘုရားသခင်က…
ဝမ်းမြောက်ခြင်းစိတ်နှလုံး
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ လေယာဉ်ပေါ်မတက်မီ စောင့်ဆိုင်းနေစဉ် မိခင်၊ ဖခင်၊
သားငယ်လေးတို့ ပါဝင်သည့် မိသားစုလေးတစ်စုကို ကျွန်တော်သတိပြုမိသည်။
ထွက်ခွာဂိတ်တွင် လူများနေသဖြင့် သူတို့ထိုင်စရာနေရာ ရှာနေစဉ် ရုတ်တရက်
ကလေးက ‘‘လောက၀မ်းမြောက်’’ သီချင်းကို ကျယ်လောင်စွာ
ဆိုလိုက်သည်။ ကလေးက ၆ နှစ် အရွယ် ခန့်သာရှိမည်။
သီချင်းစာသားများကို သူအလွတ်ဆိုနိုင်သည်ကို ကြည့်ပြီး
ကျွန်တော်အလွန်သဘောကျသွားသည်။
ကျွန်တော်ပို၍ သဘောကျသွားသည်မှာ ကလေး၏
မျက်နှာဖြစ်သည်။ သူဆိုသည့် သီချင်းစာသားအတိုင်း
အပြုံးပန်းဝေလျက် ထိုနေရာရှိ လူအများကို ခရစ်တော်
ကြွလာခြင်း အကြောင်း ကြေညာနေပါသည်။
ဤ၀မ်းမြောက်ခြင်းသည် ပျော်နေသောကလေး
အတွက်သာ (သို့) ခရစ်စမတ်ရာသီ၌သာ ၀မ်းမြောက်ရန်
ဟူ၍ ကန့်သတ်ထားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့အသက်တာ၌
ခရစေ် တာရှ်ေိ နတောမ်ြူခင်းကိုသြိခင်း ကြောင့်လျှကံ…
အကောင်းဆုံး မင်္ဂလာပွဲ
လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ကျော်ခန့်က ယုဒမင်္ဂလာဆောင်ပွဲတွင် ဓလေ့ထုံးစံ
အသစ်တစ်ခုကို ထပ်မံဖြည့်စွက်ခဲ့သည်။ ပွဲပြီးကာနီးတွင် သတို့သားက ၀ိုင်ဖန်ခွက်ကို
သူ့ခြေအောက်တွင် နင်းချေလိုက်ခြင်းဖြစ်သည်။ ရှင်းလင်းချက်တစ်ခုအရ ဤသို့ ဖန်ခွက်
ခွဲခြင်းသည် အေဒီ ၇၀ တွင် ဗိမာန်တော် ပြိုပျက်ခြင်းကို
ပုံဆောင်ကြောင်း ဆိုထားသည်။ လူငယ်စုံတွဲတို့အား သူတို့
အိုးအိမ်သစ် ထူထောင်သည့်အခါ ဘုရားသခင်၏ အိမ်မှာမူ
ဖျက်ဆီးခြင်းခံရကြောင်း သူတို့ သတိရရန် ဖြစ်သည်။
သို့သော် ဘုရားသခင်သည် အိုးအိမ်မဲ့ မဟုတ်ပါ။
သူကျိန်းဝပ်မည့်နေရာကို ဘုရားရှင် ရွေးထားသည်။ သူ့
နောက်တော်လိုက်များဖြစ်သည့် ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်
မည်ဖြစ်သည်။ ပုံဆောင်တင်စားထားသည့် ဤကျမ်းချက်
အရေးအသားများအရ ယုံကြည်သူများသည် ခရစ်တော်၏
သတို့သမီးဖြစ်သကဲ့သို့ ဘုရားသခင်ကျိန်းဝပ်ရာ ဗိမာန်တော်လည်း ဖြစ်သည်။
ဘုရားသခင်က သူ့လူများကို စေ့စပ်စုရုံးပြီး သူထာဝရ ကျိန်းဝပ်ရာနေရာအဖြစ် ဆောက်…
အစေခံသောသူ
‘‘ငါဘယ်သူ့အစေခံမှ မဟုတ်ဘူး’’ ဟု ကျွန်မ အော်ဟစ်လိုက်မိသည်။ ထိုနေ့ မနက်က
ခင်ပွန်းသည်၏လည်စည်း အပြာရောင်ကို ရှာပေးရ၊ တစ်ဖက်မှလည်း ငိုနေသော ကလေး
ကို အစာကျွေးရ၊ ၂ နှစ် အရွယ် အကြီးကောင်၏ အရုပ်ကိုလည်း ခုတင်အောက်မှ ပြန်ရှာ
ပေးရနှင့် မိသားစုဝေယျာဝစ္စက များလွန်း၍ ကျွန်မ အလွန်
စိတ်တိုနေပါသည်။
ထိုနေ့ နောက်ပိုင်းအချိန်တွင် ကျွန်မ ကျမ်းစာဖတ်ရာ
အောက်ပါကျမ်းပိုဒ်ကို တွေ့ခဲ့ရသည်။ ‘‘အဘယ်သူသည်
သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည်
သာ၍ ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်
သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်
မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေး
သောသူကဲ့သို့ ဖြစ်၏’’ (လု ၂၂း၂၇)။
သခင်ယေရှုအနေဖြင့် သူ့တပည့်တော်များ၏ ခြေကို ဆေးရန် မလိုပါ။…
မျိုးဆက်တိုင်းမှာ
မိဘများ၏ပုံသက်သေအတိုင်း သားသမီးများက ဘုရားသခင်ကို မယုံကြည်ပါက
အံ့ဩစရာဟု ထင်ရသည်။ ထိုနည်းတူစွာ မထင်မှတ်ပါဘဲ မယုံကြည်သူမိသားစုမှ
ခရစ်တော်ကို ဆက်ကပ်ပြီး ဘုရားကို နက်နဲစွာ ယုံကြည်သူများ ပေါ်ထွက်လာနိုင်သည်။
မျိုးဆက်တိုင်းတွင် လူတစ်ဦးချင်းစီသည် ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ရှိသည်။
ပရောဖက် ရှမွေလသည် ဘုရားသခင်၏လူဖြစ်ပြီး
သူ၏သားနှစ်ဦးဖြစ်သည့် ယောလနှင့် အဘိယတို့အား
ဣသရေလနိုင်ငံကို ဦးဆောင်ရန် ဘုရားက ခန့်အပ်ခဲ့သည်
(၁ ရာ ၈း၁-၂)။ ၎င်းတို့သည် သူတို့၏ဖခင်နှင့်မတူဘဲ
အကျင့်စာရိတ္တ ပျက်စီးပြီး ‘‘ အဘလမ်းသို့ မလိုက်၊ ငွေကို
တပ်မက်သောစိတ်နှင့် လွဲသွား၍တံစိုးစားလျက် တရားကို
ဖျက်ကြ၏’’ (း၃)။ နှစ်များစွာကြာပြီးနောက် ယောလ၏ သား
ဟေမန်သည် ဘုရားသခင်၏ အိမ်တော်၌ ဂီတဆရာအဖြစ်
ခန့်အပ်ခံရသည် (၅ ရာ ၆း၃၁-၃၃)။ ရှမွေလ၏မြေးဖြစ်သူ
ဟေမန်သည် သူ့ညာလက်ရုံးဖြစ်ပြီး ဆာလံကျမ်းများစွာကို…